ကလေးများနှင့်အတူ အိမ်တွင်ရှိနေချိန်တွင် အိမ်မှအလုပ်လုပ်ခြင်းအတွက် သိကောင်းစရာ (၅)ချက်။
မိမိ၏ကလေးများအနားတွင်ဝိုင်းရံနေစဉ်အလုပ်ပြီးမြောက်အောင် မည်ကဲ့သို့လုပ်ဆောင်ရမလဲ။

တိုးတက်လာသောနည်းပညာနှင့်ပိုမိုကောင်းမွန်သောအင်တာနက်တို့ကြောင့် အိမ်မှအလုပ်လုပ်ကြသည့် လူအရေအတွက်တိုးပွားလာပါသည်။ ကုမ္ပဏီတော်တော်များများသည်သူတို့၏ ၀န်ထမ်းများအားအနည်းဆုံးတစ်ပတ်လျှင်တစ်ရက်သာအလုပ်လုပ်ရန်လိုအပ်ကြပါသည်။ ၎င်းသည်ပတ်၀န်းကျင်အတွက်ပိုမိုကောင်းမွန်ပြီးအချိန်နှင့်ငွေကိုသက်သာစေသည်။
သို့သော်၊ အကယ်၍ မိမိ၏ကလေးများပြေးနေလျှင်၊ အထူးသဖြင့်အလွန်ငယ်သောကလေးများရှိလျှင်၊ အာရုံစူးစိုက်ရန်ခက်ခဲလှပါသည်။သူတို့သည်မိမိ၏အာရုံစူးစိုက်မှုအားလုံးကိုအလွယ်တကူစုပ်ယူနိုင်ပြီးမိမိပင်မသိလိုက်ခင် အချိန်တစ်နာရီကုန်သွားပေသည်။ ဤနေရာတွင် မိမိ၏အလုပ်နှင့်မိသားစုအချိန်ကို ဟန်ချက်ညီစေမည့်နည်းလမ်း (၅) ခုကိုဖော်ပြပေးလိုက်ရပါသည်။
၁။ Workspace တစ်ခုဖန်တီးပါ။
ပထမအဆင့်မှာ အိမ်တွင် အလုပ်လုပ်ရန်အတွက် သီးသန့်ပြင်ဆင်ထားသော နေရာတစ်ခုဖန်တီးထားရပါမည်။ထိုနေရာသည် မိမိအိမ်တွင်ရှိသည့် အခန်းလွတ်တစ်ခု (သို့မဟုတ်) ရှိထားပြီးသားအခန်းထဲတွင် စားပွဲခုံတစ်ခုကိုထားပြီး မိမိကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အရာမှန်သမျှကနေကာကွယ်ထားရပါမည်။ အလုပ်ပြီးမြောက်စေရန်အတွက် အခန်းကိုတိတ်ဆိတ်စွာထားရှိရပါမည်။
ကလေးများအနှောင့်မယှက်မပေးစေရန် ဤနေရာသည် “ ရုံးခန်း” ဖြစ်သည်ကိုအသိပေးထားရပါမည်။ အကယ်၍ သူတို့က အနှောင့်အယှက်ပေးပါက သူတို့ကိုအပြစ်ပေးဖို့ဝန်မလေးပါနှင့်။
၂။ အချိန်ဇယားတစ်ခုဆွဲပါ။
အိမ်မှအလုပ်လုပ်ခြင်း၏ မထင်မှတ်ထားသည့်ဘေးရန်သည် အလုပ်လုပ်ခြင်းကို မရပ်တန့်ခြင်းပင်ဖြစ်သည်။ မိမိ၏အသက်မွေးဝမ်းကြောင်းနှင့်ကိုယ်ရေးကိုယ်တာဘ၀ များအကြားတွင် မျှတမှုရှိရန်အလွန်ပင် အရေးကြီးပါသည်။ အိမ်မှအလုပ်လုပ်သောအခါအခက်အခဲရှိသော်လည်း အချိန်ဇယားဆွဲခြင်းသည်အလွန်အထောက်အကူပြုနိုင်သည်။
မိမိ၏အလုပ်ချိန်ကိုမိမိနှင့်မိမိ၏သားစုအတွက်အကောင်းဆုံးဖြစ်စေရန်စီစဉ်သင့်ပါသည်။မိမိ၏ကလေးတွေအိပ်ယာမထမှီ အလုပ်စလုပ်ခြင်းသည်ကောင်းသောအရာဖြစ်ပါသည်။ ထိုနည်းဖြင့်သူတို့မနှောင့်ယှက်ခင် အလုပ်လုပ်နိုင်ရန်အချိန်ရှိပါသည်။သို့သော် ထိုကဲ့သို့ပြုလုပ်ပါက ညအချိန်တွင်နောက်ကျသည်အထိ အလုပ်မလုပ်မိစေရန် သတ်ပြုရပါမည်။
အချိန်ဇယားဆွဲသည့်အခါ သတိပြုသင့်သည့်အချက်မှာ လက်တွေ့ကျရန်ဖြစ်ပါသည်။ မိမိအတွက် မိမိ၏ကလေးများ အနားတွင်ရှိနေခြင်းသည် သူတို့အနားမှာမရှိခင်ကကဲ့သို့ အလုပ်ကို မပြီးမြောက်စေနိုင်ပါ။ အရေးပေါ်အခြေအနေများမကြာခဏပေါ်ပေါက်လာတတ်သည့်အတွက် အရမ်းအများကြီးမစီစဉ်ထားပါနှင့်။ ဒါ့အပြင် အရာအားလုံးကို ပြီးစီးအောင်မဆောင်ရွက်နိုင်သည့်အတွက် (သို့မဟုတ်) လုပ်စရာအလုပ်များ အများအပြားရှိနေနိုင်သည့်အတွက် လက်တွေ့မကျတဲ့အချိန်ဇယားက မိမိကို ပင်ပန်းစေပြီး စိတ်ပျက်စေနိုင်ပါသည်။
၃။ ကလေးများနှင့်အတူအနားယူပါ။
အိမ်မှအလုပ်လုပ်ခြင်းဖြစ်စေ ရုံးမှအလုပ်လုပ်သည်ဖြစ်စေ အနားယူခြင်းသည်အရေးကြီးပါသည်။ စိတ်ကိုလန်းဆန်းစေရန်အတွက် အနားယူခြင်းသည်အာရုံစူးစိုက်မှုနှင့် အလုပ်ပြီးမြောက်နိုင်မှုအတွက်အလွန်အရေးကြီးပါသည်။ ကလေးများအနားတွင်ရှိသည့်အခါအလုပ်လုပ်ကိုင်ခြင်း၏အားသာချက်မှာ သူတို့နှင့်အတူအချိန်ပိုပေးနိုင်ခြင်းဖြစ်ပါသည်။ သူတို့နှင့်အတူကစားပါ၊ သူတို့ကိုသင်ပေးပါ၊ မိဘနှင့်ကလေးရင်းနှီးမှုကို တည်ဆောက်ပါ။
ကလေးငယ်လေးများကို အပြင်သို့ခေါ်ထုတ်နိုင်ပါသည်။ သူတို့ကိုအနီးဆုံးပန်းခြံ (သို့မဟုတ်) သစ်တောသို့ခေါ်ဆောင်သွားပြီးလေ့ကျင့်ခန်းပြုလုပ်စေပါ။ ထိုအရာသည် မိမိနှင့်ကလေးများလေကောင်းလေသန့်ရရှိနိုင်မည့် နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ပါသည်။ မိမိအနေနှင့်လည်း အလုပ်လုပ်ရန် စားပွဲခုံတွင် ပြန်ထိုင်သည့်အခါတွင်လည်း ယခင်ကထက်ပိုမို၍အာရုံစူးစိုက်မှုကောင်းစေနိုင်ပါသည်။
၄။ အင်တာနက်လိုင်းကောင်းတစ်ခုရယူပါ။
မည်သည့်နေရာတွင်မဆိုထိထိရောက်ရောက်အလုပ်လုပ်ရန်အတွက် မှန်ကန်သည့်ကိရိယာများထားရှိရန်အလွန်အရေးကြီးပါသည်။ မိမိ၏လုပ်ဖော်ကိုင်ဖက်များနှင့်မကြာခဏအဆက်အသွယ်ပြုလုပ်ရန် လိုအပ်သည့်အတွက် မိမိ၏အင်တာနက်အမြန်နှုန်းနှင့် WiFi ဆက်သွယ်မှုကိုစစ်ဆေးပြီး မလုံလောက်ပါက အဆင့်တိုးရန် စဉ်းစားသင့်ပါသည်။
ကောင်းမွန်သောအင်တာနက်ဆက်သွယ်မှုရှိခြင်းသည်ကလေးများကိုအလုပ်များနေစေရန်ကူညီပေးနိုင်ပါသည်။Tablet သည်ကလေးများကိုပညာရေးဆိုင်ရာဂိမ်းများနှင့်အလုပ်များနေစေရန် ပြုလုပ်ပေးနိုင်ကြောင်း မိဘများအနေနှင့် ကောင်းစွာနားလည်ပါသည်။ သူတို့ကိုပျော်စရာကောင်းသည့်နည်းနှင့် သင်ယူလေ့လာနိင်သည့်နည်းလမ်းများကိုပင် အသုံးချနိုင်ပါသည်။
ကျောက်ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ကိုပစ်နိုင်ပါသည်!
၅။ နားကြပ်ကောင်းတစ်စုံအတွက်ရင်းနှီးမြှုပ်နှံပါ။
ကလေးများသည် အသံအရမ်းကျယ်စေနိုင်ကြောင်းနားလည်ပါသည်။ တစ်ခါတစ်ရံတွင် တစ်နာရီလျှင် ၁၀ကြိမ်ခန့် တိတ်ဆိတ်စွာနေပေးရန်တောင်းဆိုခြင်းသည်လည်း အလုပ်မဖြစ်နိုင်ပါ။ အထူးသဖြင့်သူတို့တွင်မောင်နှမများရှိပါက ပို၍ပင်ဆိုးရွားနိုင်ပါသည်။ ထို့ကြောင့်သင့်တော်သောနားကြပ်များကို ဝယ်ယူရန်ကျွန်ုပ်တို့အထူးတိုက်တွန်းလိုပါသည်။ ၎င်းသည် မိမိလုပ်ဆောင်နေသောလုပ်ငန်းကိုအာရုံစိုက်ရန်ကူညီပေးနိုင်မည့်အပြင် ကလေးများအား မိမိကိုတစ်ယောက်တည်းထားရန်အချက်ပြလက္ခဏာလည်းဖြစ်ပါသည်။
ကျွန်ုပ်တို့ရေးသားထားသည့်အခြားဆောင်းပါးများကိုဖတ်ချင်ပါသလား။ ဤတွင်ရှာဖွေနိုင်ပါသည်။
1 Mautz, S. (2020, February 6). A 2-Year Stanford Study Shows the Astonishing Productivity Boost of Working From Home. Retrieved March 23, 2020, from https://www.inc.com/scott-mautz/a-2-year-stanford-study-shows-astonishing-productivity-boost-of-working-from-home.html
2 SBN. (2018, June 25). The advantages of taking work breaks to boost productivity. Retrieved March 23, 2020, from https://www.sbnonline.com/article/advantages-of-taking-work-breaks-boost-productivity/
3 SIS Group of Schools. (2020, April 14). Top 5 Video Conferencing Tools. Retrieved April 24, 2020, from https://sisschools.org/sis-medan/2020/04/13/top-5-video-conferencing-tools/
4 Singapore International School. (2019, September 9). Latest Blog Posts – Singapore International Schools, Indonesia. Retrieved March 23, 2020, from https://sisschools.org/blog-sis/