Affordable and Best International School in BSD Hiera South Tangerang Banten Indonesiaကလေးများကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများပြုလုပ်ရန် အားပေးသည့်အချက် (၇)ချက်။ - Affordable and Best International School in BSD Hiera South Tangerang Banten Indonesia

Designed and built with care, filled with creative elements

 

BOOK OPEN HOUSE

 

 

PRESCHOOL

 

 

PRIMARY

 

Top

ကလေးများကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများပြုလုပ်ရန် အားပေးသည့်အချက် (၇)ချက်။

မိမိ၏ကလေးများကိုကျန်းမာကြံ့ခိုင်စွာနေထိုင်ရန် အားပေးလှုံ့ဆော်ပါ။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ခြင်းသည်ကျန်းမာသောဘဝပုံစံ၏အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ လေ့ကျင့်ခန်းလုပ်ရန်အချိန်မယူလျှင်ဖျားနာမှုအတွက်အချိန်ယူရပါလိမ့်မည်။ သို့သော် ၂၀၁၈ ခုနှစ်လေ့လာမှုအရအင်ဒိုနီးရှားနိုင်ငံသားအများစုသည်တစ်ပတ်လျှင်နှစ်နာရီခန့်လေ့ကျင့်ခန်းလုပ်ကြသည်။  Jakarta Post ဆောင်းပါးအရဂျကာတာရှိကလေး ၅ ရာခိုင်နှုန်းသာရုပ်ပိုင်းဆိုင်ရာအရကျန်းမာကြပါသည်။ ကလေးများသည်ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ တယ်လီဖုန်းနှင့်အီလက်ထရောနစ်ဖန်သားပြင်နောက်ကွယ်တွင်အချိန်များစွာကုန်လွန်နေကြပါသည်။

 

ကိုယ်လက်ကြံ့ခိုင်မှုမရှိပါကနှလုံးသွေးကြောနှင့်နာတာရှည်ရောဂါများအပြင်စိတ်ပိုင်းဆိုင်ရာရောဂါများဖြစ်နိုင်ခြေကိုတိုးစေပါသည်။ သို့သော်ကလေးများကိုလေ့ကျင့်ခန်းပြုလုပ်စေရန်အတွက် မည်သို့လှုံ့ဆော်ပေးနိုင်သနည်း။

ကလေးများအားရုပ်ပိုင်းဆိုင်ရာပိုမိုတက်ကြွစေရန်မည်သို့ပြုလုပ်ရမည်နှင့်ပတ်သက်၍ သိကောင်းစရာအချက် (၁၀)ချက်ကိုလည်း ဖော်ပြထားခဲ့ပြီးဖြစ်ပါသည်။

 

၁။ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေးခြင်း။

 

ဤအရာသည်သိသာထင်ရှားသည့်အချက်တစ်ခုဖြစ်သော်လည်း မိဘများမေ့နေတတ်ကြပါသည်။ ကလေးများသည် မိမိ၏အပြုအမူများကိုတုပတတ်သည့်အတွက် မိမိအနေနှင့်ဥပမာကောင်းတစ်ခုဖြစ်ပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါက သူတို့သည်လည်း ကျန်းမာစေသည့် အပြုအမူများကိုအတုခိုးလာမည်ဖြစ်ပါသည်။ အကျိုးကျေးဇူးကောင်းများရရှိစေရန်အတွက် မိသားစုဝင်များအကုန်လုံးပါဝင်၍ လေ့ကျင့်ခန်းပြုလုပ်နိုင်ရန်ကြိုးစားသင့်ပါသည်။

 

၂။ တတ်နိုင်သမျှ လမ်းလျှောက်ခြင်း/ စက်ဘီးစီးခြင်း။

 

အနီးအနားရှိနေရာတစ်နေရာသို့သွားရန်လိုအပ်လာသည့်အခါတိုင်း၊ လမ်းလျှောက်သွားရန် (သို့မဟုတ်) စက်ဘီးစီးသွားရန်ကြိုးစားပါ။ ထိုသို့ပြုလုပ်ခြင်းသည် မိမိသာမက ကလေးများအတွက်ပါ ကျန်းမာရေးအတွက်အထောက်အကူပြုသည့်အပြင် ပတ်ဝန်းကျင်ကိုပါအကျိုးပြုစေပါသည်။

 

၃။ ရုပ်မြင်သံကြား၊ ကွန်ပျူတာနှင့်ဆဲလ်ဖုန်းများအသုံးပြုခြင်းကို ကန့်သတ်ထားရှိခြင်း။

 

ဒစ်ဂျစ်တယ်စွမ်းရည်ကိုလေ့လာခြင်းသည်ကလေးများ၏ပညာရေး၏အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်သော်လည်း အသုံးပြုသည့်အချိန်များကို ကန့်သတ်ထားသင့်ပါသည်။ ကလေးသူငယ်များကြီးထွားဖွံ့ဖြိုးလာသည်နှင့်အမျှလူမှုရေးကျွမ်းကျင်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒစ်ဂျစ်တယ်သည် ပို၍ အရေးကြီးလာသည်။ သူငယ်ချင်းများနှင့်အပြင်တွင်ကစားခြင်းကဲ့သို့ အခြားပျော်ရွှင်စရာကောင်းသောအရာများရှိသေးကြောင်း ကလေးများအား ပြသပေးသင့်ပါသည်။

 

“ လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိဘူးဆိုရင်ဖျားနာဖို့အချိန်ယူရမယ်” – ကွန်ဖြူးရှပ်

 

၄။ ကလေးများကိုအိမ်မှုကိစ္စများတွင်ပါဝင်စေခြင်း။

 

ကလေးများအား မြက်ရိတ်စေခြင်း (သို့မဟုတ်) အိမ်သန့်ရှင်းရေးပြုလုပ်ရာတွင် ဝင်ရောက်ကူညီစေနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူတို့ကို တက်ကြွလန်းဆန်းစေပြီး တစ်ချိန်တည်းတွင်သူတို့ကို စည်းကမ်းများနှင့်ပတ်သက်၍ သင်ကြားပေးနိုင်ပါသည်။

 

၅။ ပျော်စရာကောင်းသည့် အားကစားပြုလုပ်ခြင်း။

 

ကလေးများကပျော်ရသည်ကိုကြိုက်နှစ်သက်ပါသည်။ မိမိသည်ကာယလှုပ်ရှားမှုအားပျော်ရွှင်စရာကောင်းပြီး တက်တက်ကြွကြွလုပ်ဆောင်ပြနိုင်ပါက ကလေးများသည်နောင်တွင် လေ့ကျင့်ခန်းများဆက်လက်လုပ်ဆောင်သွားမည့် အခွင့်အလမ်းပိုရှိပါသည်။ လေ့ကျင့်ခန်းလုပ်နေစဉ် သီချင်းဖွင့်ခြင်း (သို့မဟုတ်) ဆုများနှင့်ယှဉ်ပြိုင်ခြင်း စသည့် သူတို့နှစ်သက်သည့်ကစားနည်းတစ်ခုကိုရွေးချယ်ပြီးဆောင်ရွက်နိုင်ပါသည်။ဂိမ်းကစားခြင်းနည်းအားဖြင့် ကလေးများ၏စိတ်ဝင်စားမှုအဆင့်ကိုမြင့်တက်စေနိုင်ပါသည်။

 

၆။ အခြားသူများအားပါဝင်စေခြင်း။

 

အားကစားကိုလူမှုရေးလှုပ်ရှားမှုတစ်ခုဖြစ်စေပါကကလေးများသည်အားကစားကိုပိုမိုနှစ်သက်ကြပါလိမ့်မည်။ မိမိတို့နှင့်အတူပါဝင်လုပ်ဆောင်ရန် မိမိကလေး၏သူငယ်ချင်းများကိုဖိတ်ကြားနိုင်ပါသည်။ အားကစားကိုလူမှုရေးလုပ်ဆောင်ချက်တစ်ခုအဖြစ်သတ်မှတ်ခြင်းသည် အလေ့အကျင့်တစ်ခုကို ထိန်းသိမ်းထားနိုင်ရန်အတွက် အရေးပါသောအချက်တစ်ချက်ပင်ဖြစ်ပါသည်။

 

၇။ အားကစားနှင့်ပတ်သက်သောလက်ဆောင်များပေးခြင်း။

 

မိမိကလေး၏မွေးနေ့ (သို့မဟုတ်) အားလပ်ရက်များရှိပါက အားကစားကိုအားပေးတဲ့လက်ဆောင်တွေကိုပေးနိုင်ရန်ကြိုးစားသင့်ပါသည်။ ဥပမာအားဖြင့်စက်ဘီးများ၊ အားကစားအဝတ်အစားများ (သို့မဟုတ်) ဖိနပ်များ၊ တင်းနစ်ဘက်တံ (သို့မဟုတ်) ကြက်တောင်ဘက်တံစသည်တို့ဖြစ်ပါသည်။

 

ကလေးများကို လေ့ကျင့်ခန်းပိုမိုလုပ်ဆောင်ရန်တိုက်တွန်းနိုင်သည့်ဤအကြံပြုချက်များကိုယနေ့ပင်စတင်အသုံးပြုပါ။ သူတို့ကို တွန်းအားပေးခြင်းမျိုးမဟုတ်ပဲ လမ်းညွှန်ပေးနိုင်ရန် အလွန်ပင်အရေးကြီးပါသည်။ မိမိအနေနှင့် လေ့ကျင့်ခန်းကိုပျော်စရာကောင်းအောင်ပြုလုပ်နေပါက သူတို့သည်အလိုအလျောက်လေ့ကျင့်ခန်းလုပ်လိမ့်မည်။ ဤနည်းအားဖြင့်သူတို့ကို ပို၍ ကျန်းမာသောဘ၀တစ်ခုတွင်နေထိုင်ရန် ကူညီပေးခြင်းမျိုးပင်ဖြစ်ပါသည်။

 

စင်ကာပူအပြည်ပြည်ဆိုင်ရာကျောင်းသည်အားကစားကို၎င်း၏သင်ရိုးညွှန်းတမ်းတွင်ထည့်သွင်းအသုံးပြုထားပါသည်။ ကျွန်ုပ်တို့သည်ကျောင်းသူကျောင်းသားများအနေဖြင့်ကြက်တောင်ရိုက်ခြင်း (သို့မဟုတ်) ဘောလုံးကစားခြင်းကဲ့သို့သောသင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများပြုလုပ်ရန်တိုက်တွန်းလိုက်ရပါသည်။

 

 

မိမိ၏ကလေးများသည်သူတို့၏ကျောင်းတွင်ကျန်းမာသောဘဝပုံစံကို လိုက်နာကျင့်သုံးမှုရှိကြောင်းသိရှိလိုပါသလား။ ယခုပင် သူတို့ကိုစင်ကာပူနိုင်ငံတကာကျောင်းတစ်ခုတွင် ကျောင်းအပ်နှံလိုက်ပါ။

 


1
Statista Research Department. (2018 16). Indonesia – number of hours spent on exercise/participating in sport activities 2016-2018. Retrieved March 26, 2020, from https://www.statista.com/statistics/562524/indonesia-number-of-hours-spent-on-exercise-participating-in-sport-activities/

2 The Jakarta Post. (2018, October 17). Only 5 percent of Jakarta’s children physically fit.. Retrieved March 26, 2020, from https://www.thejakartapost.com/news/2018/10/17/only-5-percent-of-jakartas-children-physically-fit-says-official.html

3 Singapore International School. (2018, November 7). Enrol Now. Retrieved March 26, 2020, from https://sisschools.org/enrol-now